အင်းတော်မှာ စစ်ကောင်စီတပ်က(၅)ရက်အတွင်း ရွာ (၅)ရွာကို မီးရှို့

ဒီဇင်ဘာ ၂၀၊ The Nation Voice

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊စက်တောကုန်းရွာကို စစ်ကောင်စီတပ်က ဒီကနေ့ ထပ်မံမီးရှို့ခဲ့လို့ (၅)ရက်အတွင်းမှာ မီးရှို့ခံရတဲ့ ရွာ (၅)ရွာရှိပြီလို့ အင်းတော်ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၆ရက်က စပြီး ဂျုံးဂျုံးကျရွာသစ်၊ဂျုံးဂျုံးကျရွာမ၊ ပိန်းအင်း၊ မအူကုန်း ရွာတွေကို မီးရှို့ခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၀ရက်မှာ စက်တောကုန်းရွာကို ထပ်မံမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ ဘယ်နှစ်အိမ်လဲတော့ အတည်မပြုနိုင်သေးဘူး။ တစ်ရွာလုံးနီးပါး လောင်နေပြီလို့တော့ မြေပြင်ကနေ သိရတယ်။ အခု အရှို့ခံရတာ (၅)ရွာလောက်တော့ဖြစ်သွားပြီ” လို့အင်းတော် ဒေသခံက ပြောပါတယ်။

မီးလာရှို့တဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ခုခံတိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့တယ်လို့လည်း ဆိုပါတယ်။

အခု အင်းတော်ကို ဝင်လာတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့လက ထီးချိုင့်မြို့နယ်က ရွာတွေကို မီးရှို့ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့ အင်းတော်ဒေသခံက ပြောပါတယ်။

#thenationvoicemyanmar#kia#pdf#အင်းတော်#မီးရှို့ဖျက်ဆီး

Leave a Reply

Your email address will not be published. Required fields are marked *