ဒီဇင်ဘာ ၂၀၊ The Nation Voice
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ပျူစောထီးနှစ်ဦးကို ဒီဇင်ဘာ (၁၆) ရက်နဲ့ (၁၇) ရက်တို့မှာ ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက ပျူခေါင်းဆောင် ချစ်စမ်းမောင်ရဲ့ တပည့်တွေဖြစ်တဲ့ ပျူအဖွဲ့ဝင် မင်းမင်းကို ဒီဇင်ဘာ (၁၆) ရက်မှာ ရှင်းလင်းခဲ့ပြီး သကျက်တောကျေးရွာသား ပေါင်မုန့်(ခ) လောင်းလောင်းကို ဒီဇင်ဘာ (၁၇) ရက်မှာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပျူအဖွဲ့ဝင်မင်းမင်းဟာ သေနတ်ကိုင်ထားတဲ့ပျူအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး NLD အစိုးရလက်ထက်မှာ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ခဲ့ကာ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာလည်း အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်တာဝန်ယူထားပြိး ကျေးရွာဒေသခံတွေကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်နေတဲ့အပြင် PDF တွေကိုလည်း ခြိမ်းခြောက်ကြိမ်းဝါးလေ့ရှိသူဖြစ်တယ်လို့သိရပါတယ်။
လက်နက်ကိုင်ထားတဲ့ သကျက်တောရွာသား ပေါင်မုန့်(ခ)လောင်းလောင်းကတော့ ကျောက်နီမော်ကျေးရွာက ပျူခေါင်းဆောင်ချစ်စမ်းမောင်နဲ့အတူ ပျူစခန်းမှာနေထိုင်ပြီး လောင်းလုံးမြို့နယ်အတွင်း ဓားပြတိုက်မှုတွေမှာ ပါဝင်သူတစ်ဦးဖြစ်ကြောင်းလည်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ဆိုပါတယ်။
ပျူစောထီးတွေကို ရှင်းလင်းခဲ့ခြင်းဟာ ကျေးရွာဒေသခံတွေနဲ့မသက်ဆိုင်ဘဲ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီထောက်တိုင်တွေကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။
