ဒီဇင်ဘာ ၂၂၊ The Nation Voice
ကရင်နှစ်ကူးနေ့မှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာရှိတဲ့ စစ်တပ်ကင်းကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ ထိခိုက်မှုတွေရှိနိုင်တယ်လို့ Attack Force (FLA) ကထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွတ် အရှေ့မြင်းပြိုင်ကွင်းနဲ့ တောင်မြင်းပြိုင်ကွင်းလမ်းထောင့် မြှားပစ်ကွင်းအမှတ် (၆) ဂိတ်ရှေ့စစ်တပ်ကင်းကို ယနေ့ ဒီဇင်ဘာ (၂၂) ရက်၊ မနက် (၆) နာရီ ၀န်းကျင်မှာ မနက်စာအဖြစ် မင်းကွတ်သီး တစ်လုံးသွားရောက်ကျွေးမွေးဧည့်ခံခဲ့တယ်လို့ Attack Force က ရေးသားထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို နိင်ငံရေးအကျဉ်းသားများကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Emerald Girls Army (EGA) , Revolution of 21 Century အဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုအပြီး မဟာမိတ်အဖွဲ့သားတွေအားလုံးဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ထိခိုက်မှုရှိနိုင်ကာ အခြေအနေမသိရသေးတဲ့အတွက် မနက်စောစော လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်ကအန္တရာယ်ပြုနိုင်တဲ့အတွက် ရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
