ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့တင်ထားတဲ့ မူကြမ်းကို ကုလမှာ ကန့်ကွက်သူမရှိ အတည်ပြု

ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့ မဲမပေးဘဲ ကြားနေ

ဒီဇင်ဘာ ၂၂၊ The Nation Voice

မြန်မာနိုင်ငံက အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထားသူတွေ အားလုံးကို လွှတ်ပေးဖို့ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ချခဲ့တာ နှစ်ပေါင်း (၇၄) နှစ်အတွင်း ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပြီးတော့ ကြားနေခဲ့တဲ့ ဒီမိုကရေစီနိုင်ငံ အိန္ဒိယပါဝင်ခဲ့တာကို အံ့သြစရာဖြစ်ခဲ့ရပါတယ်။

အဲဒီမူကြမ်းကို ဗြိတိန်နိုင်ငံက အဓိက တင်သွင်းခဲ့တာဖြစ်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅) နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ကျန် (၁၂) နိုင်ငံက ထောက်ခံမဲ ပေးခဲ့ပါတယ်။

” မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးထားသူတွေကို ချက်ချင်း လွှတ်ပေးဖို့ စတာတွေကို အဓိကထားတာ ဖြစ်တယ် ” လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun ကတော့ မြန်မာပြဿနာကို အလျင်အမြန် ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်းနဲ့ အဓိက မြန်မာနိုင်ငံအပေါ်မှာသာ မူတည်ကြောင်း ပြောဆိုခဲ့ပြီး လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်ချမယ့်အစား တရားဝင်ကြေညာချက်ထုတ်ဖို့သာ လိုလားတယ်လို့ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *