ချင်းရွှေဟော်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၃၊ The Nation Voice

ကိုးကန့် – ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်မှာ တပ်စွဲထားတဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဟာ အဆိုပါ နေရာကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး စစ်ကောင်စီစစ်တပ်ရဲ့လက်နက်ခဲယမ်းတွေကို သိမ်းဆည်း ရမိခဲ့တယ်လို့ အသိပေးလာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်က ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် – ချင်းရွှေဟော်ဒေသ၊ နမ့်ဖာတောင်မှာ စစ်ကောင်စီတပ်နဲ့ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ တိုက်ပွဲနောက်ဆုံးဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံးပြီး စစ်ကောင်စီတပ်ဘက်က အလောင်းတောင် မကောက်နိုင်ဘဲ စွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ ကိုးကန့် ဒေသအခြေစိုက် The Kokang က ဖော်ပြခဲ့ပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားချိန်တုန်းကလည်း MNDAA တပ်တွေက စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သေးပြီး နန့်ဆန်တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ယခုမှသာ နမ့်ဖာတောင်ကို နယ်မြေရှင်းလင်းတာတွေပြုလုပ်ကာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *