ပေါက်တောင်ပိုင်း ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေကို ဒေသခံတပ်တွေက ကျန်းမာရေးစောင့်ရှောက်မှုပေး

ဒီဇင်ဘာ ၂၃၊ The Nation Voice

မကွေးတိုင်း၊ပေါက်တောင်ပိုင်းကစစ်ရှောင်ပြည်သူတွေကိုဒီဇင်ဘာ(၁၉)ရက်နေ့က ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ကြောင်း ဒေသခံတပ်တွေက ဒီကနေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။

စကစနဲ့ ဒေသခံတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေး‌တိမ်းရှောင်နေကြရတဲ့ ကျေးရွာအချို့ကပြည်သူ(၁၈၀)ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာလို့ဆိုပါတယ်။

အဲ့ဒီလို လုပ်ငန်းစဉ်တွေကို ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ ( SPMNf )ကလုပ်ဆောင်‌ရာမှာ ပေါက်တောင်ပိုင်း မြေပြင်ပကဖ၊ပလဖ ၊ ပွင့်ဖြူ PDF ၊ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့တွေက လုံခြုံရေး၊ ဆေးဝါးနဲ့ အခြားလိုအပ်တာတွေကို ပါဝင်ကူညီပေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့ ပြည်သူတွေကိုလည်း ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့က တာဝန်ယူစောင့်ရှောက်ထားတယ်လို့လည်း အသိပေးထားပါတယ်။

ဆက်လက်ပြီး ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ ( SPMNf )အနေနဲ့ အခြားသောထိစပ်နယ်မြေက ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့အသီးသီးရဲ့ ကျန်းမာရေး၊အရေးပေါ်ကယ်ဆယ်ကုသရေးတွေကို တစိုက်မတ်မတ် ဆောင်ရွက်လျှက်ရှိပြီး ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပေးကြဖို့ကို ( SPMNf )က မေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *