ပခုက္ကူမှာ စစ်ကောင်စီရဲ့ သတင်းပေးဒလန်လို့ဆိုသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၂၆၊ The Nation Voice

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စစ်ကောင်စီရဲ့ သတင်းပေးဒလန်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးတစ်ဦး မနေ့ညနေပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ (၂၅)ရက် မနေ့ကညနေ (၃) နာရီခွဲလောက်က ပခုက္ကူမြို့ အမှတ် (၆) ရပ်ကွက်၊ (၉) လမ်းမှာနေတဲ့ ဒေါ်မြင့်ဆိုတဲ့ အမျိုးသမီးကို သေနတ်သမားသုံးဦးက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ခံလိုက်ရတဲ့ ဒေါ်မြင့်ဟာ ကျော၊ ယာလက်မောင်းနဲ့ ဝမ်းဗိုက် စတဲ့နေရာတွေမှာ သေနတ်ကျည်ထိမှန်ခဲ့ပြီး နေရာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

” ပစ်သတ်သွားတဲ့ပုံစံက ကိုယ့်ဘက်က ပစ်တာသေချာတယ်။ ဘာလို့လဲဆိုတော့ အတိုတွေနဲ့ ဝင်ပစ်သွားတာ။ သူတို့(စစ်ကောင်စီ)ဘက်ကဆို ဗြောင်လုပ်မှာ။ ခုဟာက လျှပ်တပြက်လုပ်သွားတာမျိုး ” လို့ တော်လှန်ရေးရဲဘော်တွေနဲ့ နီးစပ်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

သေနတ်နဲ့ သုံးချက်ပစ်ခံရပြီး သေဆုံးသွားတဲ့ ဒေါ်မြင့်ဟာ ရပ်ကွက်အတွင်းမှာ စစ်ကောင်စီရဲ့ သတင်းပေးလို့ နာမည်ထွက်သူတစ်ဦးဖြစ်ပြီး ငွေတိုးချေးတဲ့လုပ်ငန်း လုပ်ကိုင်သူဖြစ်တယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *