ဒီဇင်ဘာ ၂၆၊ The Nation Voice
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွန်ဘွန် အကျဉ်းထောင်မှူးကို သူ့ရဲ့ နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ UG BLACK K က ထုတ်ပြန်ထားပါတယ်။
မနေ့ မနက် (၁၁)နာရီလောက်က ဒွန်ဘွန် အကျဉ်းထောင်မှူးကို သူ့ရဲ့နေအိမ်မှာ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ UG BLACK K က ပြည်သူတွေအတွက် ခရစ်စမတ် လက်ဆောင်အဖြစ် ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
အဲဒီထောင်အရာရှိဟာ စစ်တပ် ခမရ ၈၂၈ မှာ ဗိုလ်ကြီးအဆင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အရပ်ဘက် အကျဉ်းဦးစီးဌာကို ပြောင်းလဲတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းမှာ အကျဉ်းထောင်က အရာရှိတွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရပြီး ဒီဇင်ဘာ (၂၄) ရက်ကလည်း တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းမကြီးမှာ PDF ပူးပေါင်းတပ်တွေ စစ်ဆေးနေစဉ်မှာ ခရီးတင်ယာဉ်ပေါ် လိုက်ပါလာတဲ့ ကော့သောင်း အကျဉ်းထောင် ဦးစီးမှူး သီရစိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း(၁) PPDF က ထုတ်ပြန်ထားပါတယ်။
