မုံရွာဘက်ကို ဦီးတည်တက်လာတဲ့ စစ်ကား(၃)စီးမိုင်းဆွဲခံရပြီး ကား(၁)စီးတိမ်းမှောက်လုနီးပါးဖြစ်ခဲ့

ဒီဇင်ဘာ ၂၆၊ The Nation Voice

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကိုင်းကနေ မုံရွာဘက်ကို ဦီးတည်တက်လာတဲ့ စစ်ကား(၃)စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား(၁)စီးတိမ်းမှောက်လုနီးပါးဖြစ်ပွားခဲ့တယ်လို့ ဒေသခံ(PDF)တပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ဒီကနေ့မနက် (၃)နာရီကျော်လောက်မှာ မုံရွာဘက်ကို ဦီးတည်တက်လာတဲ့ စစ်ကား(၃)စီးကို ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားအရောက်မှာ PDF တပ်တွေက ပဒေသာမိုင်းတွေနဲ့(၅)ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

မိုင်းစတွေဟာ စစ်ခွေးကားတွေကို ထိထိမိမိထိမှန်ခဲ့ပြီး ကားတစ်စီးမှာ တိမ်းမှောက်လုနီးပါးဖြစ်ခဲ့တယ်လို့ PKDF – MMU က အသိပေးထားပါတယ် ။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ စကစတပ်သားတွေဘက်ကလည်း ရမ်းသမ်းပစ်ခတ်မှုတွေပြန်လည်ပြုလုပ်ခဲ့ပေမဲ့ PDF တပ်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။စစ်ကောင်စီရဲ့သေဆုံးထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာ အကြားမှာ စကစရဲ့ယာဉ်တန်းတွေကို ဒေသခံ(PDF)တပ်တွေက မကြာခနဆိုသလို မိုင်းဆွဲတိုက်ခိုက်တာ၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်လေ့ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *