အုတ်ဖိုမြို့က ပျူခေါင်းဆောင်ကို သာယာဝတီဂဠုန်တပ်ဖွဲ့ရှင်းလင်း

ဒီဇင်ဘာ ၂၉၊ The Nation Voice

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာက ပျူစောထီးခေါင်းဆောင် ချစ်မင်းသူကို သာယာဝတီ(ခရိုင်)ဂဠုန်တပ်ဖွဲ့က ဒီဇင်ဘာ(၂၈)ရက်၊ ညနေ(၆)နာရီခွဲဝန်းကျင်မှာ သုတ်သင်ရှင်းလင်းလိုက်တယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူက The Nation Voice ကိုပြောပါတယ်။

ပျူခေါင်းဆောင်ချစ်မင်းသူက တော်လှန်ရေးရဲဘော်တွေရဲ့လှုပ်ရှားမှုကို လာရောက်ထောက်လှမ်းတဲ့အချိန် အရှေ့ဖက်အုန်းတောလမ်းပေါ်မှာ ရှင်းလင်းလိုက်တာဖြစ်ပြီး ပဲခူးတိုင်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်နဲ့ ရှင်းလင်းလိုက်တယ်လို့လည်း သိရပါတယ်။

ရှင်းလင်းပြီးနောက် သူ့ဆီက စစ်ကောင်စီကိုသတင်းပေးနေတဲ့ အချက်အလက်တွေပါဝင်တဲ့ဖုန်းတစ်လုံးအပါအဝင် ပါဝါဘန့်တစ်လုံး၊ ငွေ(၆၇၀၀)ကျပ်နဲ့ နာရီတစ်လုံးတို့သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုရှင်းလင်းမှုမှာ ဒေသခံပြည်သူတွေထိခိုက်မှူမရှိကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း စခန်းကိုထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူထံကနေ သိရပါတယ်။

သာယာဝတီ(ခရိုင်)ဂဠုန်တပ်ဖွဲ့ဟာ စစ်ကောင်စီသတင်းပေးနဲ့ ပျူစောထီး(၁၀)ဦးထက်မနည်း ရှင်းလင်းထားပြီး နောက်ထပ်စစ်ကောင်စီထောက်တိုင်တွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *