ဝေဒီကျေးရွာမှာဖြစ်ပွားခဲ့တဲ့ မင်္ဂလာ‌ပွဲဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟာ ဒေသခံ(PDF)တပ်တွေ လုပ်တာမဟုတ်ကြောင်း အသိပေးထုတ်ပြန်

ဒီဇင်ဘာ ၂၉၊ The Nation Voice

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ် ဝေဒီကျေးရွာမှာ ဒီကနေ့မနက် ဖြစ်ပွားခဲ့တဲ့ မင်္ဂလာဆောင်ဗုံးပေါက်ကွဲမှူဖြစ်စဉ်ဟာ သူတို့လုပ်တာမဟုတ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့-LPDF က အသိပေး ထုတ်ပြန်လာပါတယ်။

“၎င်းပေါက်ကွဲမှုသည် မိမိတို့ လောင်းလုံးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့-LPDF နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။ ယင်းသို့လုပ်ဆောင်မှုအား မိမိတို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LPDF မှ အပြင်းထန်ရှုံ့ချကြောင်း ထပ်ဆင့်ထုတ်ပြန်အပ်ပါသည်”လို့ လောင်းလုံး LPDF က ထုတ်ပြန်ထားပါတယ်။

ဝေဒီကျေးရွာမှာ ဒီကနေ့မနက်(၈)လောက်က ဖြစ်ပွားခဲ့တဲ့ မင်္ဂလာဆောင် မိုင်းပေါက်ကွဲဖြစ်စဉ်ကြောင့် ဒေသခံပြည်သူ(၆)ဦး မိုင်းသံစထိမှန် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီမိုင်းပေါက်ကွဲမှုဖြစ်စဉ်ဟာ ဒေသခံ(PDF)တပ်တွေနဲ့ ပြည်သူတွေအကြားအထင်မြင် လွဲမှားစေဖို့ရည်ရွယ်ချက်နဲ့ လုပ်ကြံဖန်တီးမှုဖြစ်နိုင်တယ်လို့ ဒေသခံတပ်တွေက ဆိုကြပါတယ်။

အလားတူ (ထားဝယ်-ပကဖ)ကလည်း အဲ့ဒီမိုင်းပေါက်ကွဲမှူဖြစ်စဉ်နဲ့ပတ်သတ်ပြီး သူတို့လုပ်တာမဟုတ်ကြောင်းနဲ့ စကစအဖွဲ့ဝင်တွေက PDF ရဲဘော်တွေနဲ့ ဒေသခံပြည်သူအကြားမှာ အထင်မြင်လွဲမှားစေရန်အတွက် နည်းမျိုးစုံသုံးပြီး သွေးထိုးလှုံ့ဆော်နေတာကြောင့် ပြည်သူတွေအနေနဲ့ အခုနှစ်ပွင့်လင်းရာသီမှာ အလှူပွဲ ၊မင်္ဂလာပွဲ၊ ပျော်ပွဲရွှင်ပွဲနဲ့ လောင်းကစား ဝိုင်းတွေ မပြုလုပ်ကြဖို့မေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *