လုံခြုံရေးကင်းကို ခြုံခိုတိုက် တပ်ကြပ်တစ်ဦးသေပြီးလက်နက်ပါရ
ဇန်နဝါရီ ၂၊ The Nation Voice
မကွေးတိုင်း၊ ငဖဲမြို့နယ် အမှတ် (၉၀၅) အမြှောက်တပ်ရင်းက အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ မော်တော်ယာဉ်တစ်စီးကို မနေ့က ပဒေသာမိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ PRA မကွေးက ထုတ်ပြန်ပါတယ်။
အဲဒီအမြှောက်တပ်က ကားကို ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနဲ့ မြေလတ်ကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေများနိုင်ပေမယ့် နောက်ဆက်တွဲသတင်းတွေကို ဆက်လက်စုံစမ်းဖြစ်တယ်လို့ PRA မကွေးက ဆိုပါတယ်။
ဒါ့အပြင် ဂုတ်ကြီးကျေးရွာရဲစခန်းကနေ ထွက်ခွာလာတဲ့ လုံခြုံရေးကင်းစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေပါ ရရှိခဲ့တယ်လို့ သိရပါတယ်။
thenationvoicemyanmar
ငဖဲ #PRAမကွေး
