စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတပ်တွေဘက်က ဆော-ဆိပ်ဖြူလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပိတ်

ဇန်ဝါရီ ၅၊ The Nation Voice

မကွေးတိုင်း၊ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ စကစတပ် စစ်ကြောင်းထိုးလာတာကြောင့် လမ်းဖြတ်သန်းသွားလာခွင့်ကို ဒီကနေ့ ဇန်နဝါရီ(၅)ရက်ကစပြီး ယာယီပိတ်လိုက်ပြီလို့ သိရပါတယ်။

စစ်ရေးအခြေအနေအရ Khut Daung Company Saw PDF က ရဲဘော်တွေ တာဝန်ယူဂိတ်ထိုင်ထားတဲ့ ဆော-ဆိပ်ဖြုလမ်းပိုင်းကို ပိတ်လိုက်တာဖြစ်ပြီး စစ်တပ်စစ်ကြောင်း ဆုတ်ခွာသွားမှသာ ပြန်လည်ဖြတ်သန်းသွားခွင့်ပြုမယ်လို့ Khut Daung Company Saw PDF က အသိပေးထုတ်ပြန်ထားပါတယ်။

” စစ်ရေးအခြေအနေအရ ခွပ်ဒေါင်းရဲဘော်များတာဝန်ယူ ဂိတ်ထိုင်ထားသည့် ဆော-ဆိပ်ဖြုလမ်းပိုင်းအား (၅.၁.၂၀၂၃)မှစ၍ဖြတ်သန်းသွာလာခွင့် ယာယီတားမြစ်ထားပါသည်။ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းဆုတ်ခွာမှသာ
ပြည်သူများအား ပြန်လည်ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်”လို့ Khut Daung Company Saw PDF က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းအတွင်းက ဆော-ဆိပ်ဖြူလမ်းပိုင်းနဲ့ ဆော-ကျောက်ထုလမ်းပိုင်းမှာ ဒေသခံ(PDF)တပ်တွေနဲ့ စကစတပ်တို့ မကြာခနဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စကစဘက်ကထိခိုက်သေဆုံးမှုတွေရှိသလို ဒေသခံတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိနေပါတယ်။

ပုံစာ – Khut Daung Company Saw PDF ဂိတ်စခန်းတစ်ခု

Leave a Reply

Your email address will not be published. Required fields are marked *