တရုတ်နိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှုစာရင်းတွေဟာ တိကျမှုမရှိဘူးလို့ WHO ပြော

ဇန်နဝါရီ ၅၊ The Nation Voice

တရုတ်နိုင်ငံရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကိုတင်ပြတဲ့ ကိုဗစ်ရောဂါကူးစက်မှုနဲ့နဲ့သေဆုံးမှုတွေဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုမရှိဘဲ လက်တလောဆေးရုံတက်နေသူတွေနဲ့ သေဆုံးသူစာရင်းတွေကိုလည်း လျှော့ပေါ့ ဖော်ပြထားတယ်လို့ WHO ရဲ့ အကြီးတန်း အရာရှိတစ်ဦးရဲ့ပြောဆိုချက်ကို Reuters သတင်းတစ်ပုဒ်မှာဖော်ပြပါတယ်။

ကမ္ဘာ့စီးပွါးရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ မြင့်တက်လာတဲ့ ကိုဗစ်ကူးစက်နှုန်းနဲ့ပတ်သတ်ပြီး စိုးရိမ်မှုတွေမြင့်တက်လာတာကြောင့် တရုတ်သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကုလသမဂ္ဂရဲ့ အေဂျင်စီက ပြင်ဆင်နေတယ်လို့လဲသိရပါတယ်။

လွန်ခဲ့တဲ့ အင်္ဂါနေ့က WHO ရဲ့နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ဆီတင်ပြတဲ့ တရုတ်ထိပ်တန်းသိပ္ပံရှင်တွေရဲ့ ကိုဗစ်ကူးစက်မှုအချက်အလက်တွေအရ လူပေါင်း ၁.၆ဘီလီယံရှိတဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်မျိုးကွဲအသစ်မတွေ့ရှိရဘူးလို့သိရပါတယ်။

ဒါပေမဲ့ ဒီအချက်အလက်တွေနဲ့ပတ်သတ်ပြီး WHO ရဲ့ ရှင်းလင်းတဲ့သုံးသပ်ချက်မှာတော့ တရုတ်နိင်ငံရဲ့ မတိကျ၊ မရှင်းလင်းတဲ့ အချက်အလက်တွေအပေါ်စိုးရိမ်လျှက်ရှိပြီး၊ ကမ္ဘာတစ်ဝှမ်း လူပေါင်းများစွာအသက်သေဆုံးခဲ့တဲ့ ကိုဗစ်ရောဂါတိုက်ဖျက်ရေးကို အဟန့်အတားဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် WHO ရဲ့ အရေးပေါ်အခြေအနေများဆိုင်ရာဌာန ဒါရိုက်တာ မိုက်ရိုင်ယန်က တရုတ်နိုင်ငံကထုတ်ပြန်တဲ့ အချက်အလက်တွေဟာ လက်ရှိဆေးရုံတွေနဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာပကတိဖြစ်ပေါ်နေတဲ့အခြေအနေတွေ ကို လျှော့ပေါ့ဖော်ပြထားတယ်လို့ယုံကြည်ပြီး၊ တရုတ်အစိုးရရဲ့ ပြည်သူတွေသေဆုံးမှုအပေါ်ဖြေရှင်းချက်တွေဟာလည်း အကျဉ်းချုံးလွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့လတွေအတွင်း ကိုဗစ်ကြောင့်သေဆုံးတဲ့လူနာတွေကို ကိုဗစ်နဲ့ဆက်စပ်တဲ့ အဆုတ်ရောင်ရောဂါ သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလို့ နာမည်တပ်ခဲ့ပြီး ကိုဗစ်ကြောင့်သေဆုံးတယ်ဆိုတဲ့ ကိန်းဂဏန်းကိုလျှော့ချဖော်ပြခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး WHO က တရုတ်နိုင်ငံအနေနဲ့ ကူးစက်ခံလူနာတွေသေဆုံးတဲ့အခါ လူနာတွေမှာ ကိုဗစ်ကူးစက်မှုအတွက်သေချာတဲ့ဆေးရုံ၊ ဆေးခန်းရဲ့အတည်ပြုမှုပါဝင်နေရင် သို့မဟုတ် တခြားသေစေနိုင်တဲ့ရောဂါအခံမရှိတာမျိုးဆိုရင် ကိုဗစ်ပိုးကူးစက်ခံရလို့သေဆုံးတယ်လို့ပဲ သတ်မှတ်ရမှာဖြစ်တယ်လို့လဲ ပြောဆိုခဲ့ပါတယ်။

Source – Reuters

Leave a Reply

Your email address will not be published. Required fields are marked *