PDF တပ်တွေရဲ့ကာကွယ်မှုနဲ့ ပျုစခန်းအနီးက ပဲစင်းငုံစိုက်ခင်း ဧက(၁၈၀) ကျော်ကို လုံခြုံအောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့

ဇန်နဝါရီ ၁၂၊ The Nation Voice

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းမှာ ဒေသခံ(PDF)တပ်တွေရဲ့ ကာကွယ်စောက်ရှောက်မှုဖြင့် ပျုစခန်းအနီးက ပဲစင်းငုံစိုက်ခင်း ဧက(၁၈၀)ကျော်ကို လုံခြုံအောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ Pale Entertainment က ဖော်ပြပါတယ်။

အင်မထီးပျူရွာ အနီးဝန်းကျင်က ပဲစင်းငုံစိုက်ခင်းဧက(၁၈၀)ကျော်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၇ရက်ကနေ မနေ့ကဇန်နဝါရီ ၁၁ရက်နေ့ အတွင်း လုံခြုံအောင်မြင်စွာရိတ်သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေ ပဲစင်းငုံစိုက်ခင်းရိတ်သိမ်းနေချိန်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တို့ရဲ့ စီမံမှုနဲ့အတူ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်း၊တပ်ဖွဲ့တွေက ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

‌စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံ(PDF)တပ်တွေဟာ ပြည်သူတွေ စပါးနဲ့ ကောက်ပဲသီးနှံရိတ်သိမ်းချိန်တွေမှာ ဘေးကင်းစေဖို့ လုံခြုံရေးယူပေးတာတွေရှိသလို ကိုယ်တိုင်ဝင်ရောက် ရိတ်သိမ်းပေးကာ ပြည်သူကို ကူညီတာတွေလည်း ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *