မိုင်းဆင်ပြီး သေနတ်ပစ်ဖောက် စစ်မြှူခဲ့လို့ ရွာထဲက ထွက်လာတဲ့ ဗိုလ်တစ်ဦးနဲ့ ပျူခေါင်းဆောင်တို့ မိုင်းမိကာ ပွဲခြင်းပြီးသေဆုံး

ဇန်နဝါရီ ၂၉၊The Nation Voice

မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူကျေးရွာ ပတ်ဝန်းကျင်မှာ မိုင်းဆင်ပြီး သေနတ်နဲ့အသံပေးကာ စစ်မြှူခဲ့တဲ့အတွက် မိုင်းမိပြီး ပျူခေါင်းဆောင်၊ဗိုလ်တစ်ဦးနဲ့ တပ်ကြပ်တို့ ပွဲခြင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့ဇန်နဝါရီလ (၁၈)ရက်နေ့ ညနေ (၄) နာရီခွဲလောက်မှာ သရက်ကန်ပျူကျေးရွာ ပတ်ဝန်းကျင်မှာ တိုက်မိုင်းဝင်ဆင်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြခဲ့ပြီး စစ်မြှူခဲ့ရာ ပျူရွာအတွင်းက အင်အား ၂၀ ကျော် စစ်တပ်နဲ့ပျူတွေက ဆဲဆိုကာ ရမ်းသမ်းပစ်ခတ်မှု တွေပြုလုပ်ခဲ့ပြီး ထွက်လာခဲ့ပါတယ်။

အဲ့ဒီလိုထွက်လာတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေ ဆင်ထားတဲ့ တိုက်မိုင်းမိပြီး ဗိုလ်တစ်ဦး၊တပ်ကြပ်တစ်ဦး၊ ပျူအုပ်ချုပ်ရေးမှူးဖြစ်သူ ဝင်းချိန်တို့ဟာ နေရာမှာပဲ ပွဲခြင်းပြီးသေဆုံးသွားတယ်လို့ Myaing Underground Defence force (MUGDF) က ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် (၆) ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို Myaing Underground Defence force (MUGDF)-၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)ရဲ့ တပ်ခွဲ(၄)၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ TYK ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့အားမာန် တို့ ပူးပေါင်းစီစဥ်လုပ်ဆောင်ခဲ့တာဖြစ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *