ဇန်နဝါရီ ၂၉၊The Nation Voice
ကရင်ပြည်နယ်၊သံတောင်မြို့နယ် မြောက်ပိုင်း၊လိပ်သိုလ်မြို့မှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့တယ်လို့ Northern Thandaung Defence Force က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ (၂၅) ရက်နဲ့ (၂၆) ရက်နေ့တို့မှာ Northern Thandaung Defence Force(Special Region) နဲ့ နယ်မြေကျူးကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ရေနီလေ့ကျင့်ရေး(၅)နဲ့ အင်အား(၁၀၀) ခန့်ပါရှိတဲ့ နေပြည်တော် တပ်ပေါင်းစု စစ်ကြောင်းဟာ ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်း(အထူးဒေသ)၊ လိပ်သိုလ်မြို့နယ်၊မိအိကြီးရွာသစ်ကုန်း ကျေးရွာကို စစ်ကြောင်းထိုးလာခဲ့ရာ Northern Thandaung Defence Force(Special Region) က စစ်ဆင်ရေး တစ်ရပ် ဆင်နွှဲခဲ့ပါတယ်။
Northern Thandaung Defence Force (Special Region) ရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်တွေဘက်က စစ်ကောင်စီ တပ်သား (၅) ဦးသေဆုံး ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မိအိကြီးရွာသစ်ကုန်းကျေးရွာ မြောက်ဘက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
အထိနာပြီး ဆုတ်ခွာလာတဲ့ စစ်ကြောင်းဟာ ကရင်ပြည်နယ်၊သံတောင်မြောက်ပိုင်း(အထူးဒေသ)၊လိပ်သိုလ်မြို့နယ်၊ ဆိတ်ဖူးကုန်း(စုစည်း)ကျေးရွာကို ဦးတည် လာခဲ့ရာ ဇန်နဝါရီလ (၂၆) မှာတော့ Northern Thandaung Defence Force (Special Region) က ဆီးကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား(၄) ဦး ထပ်မံ သေဆုံးခဲ့ပြန်ပါတယ်။
အထိနာနေတဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းကို စစ်ကူလာပေးတဲ့ စစ်ကောင်စီတပ်တွေကိုလည်း Northern Thandaung Defence Force (Special Region) က လက်ဦးမှုရယူပြီး ဆက်လက်တိုက်ခိုက်ခဲ့ရာ နေပြည်တော်ကောင်စီနဲ့ ကရင်ပြည်နယ် နယ်စပ်ကြားဖြစ်တဲ့ သစ်ကြိမ်းကျေးရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား (၆) ဦး သေဆုံးခဲ့ပါတယ်။
(၂) ရက်တာ တိုက်ပွဲအတွင်း Northern Thandaung Defence Force (Special Region )က ရဲဘော် (၁)ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရပေမယ့် အကြမ်းဖက် စစ်ကောင်စီတပ်သား (၁၅) ဦးကို သုတ်သင်နိုင်ခဲ့ကာ စစ်ဆင်ရေးကို ကောင်းမွန်စွာ ဆင်နွှဲနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

