The Nation Voice

Non CDM ဝန်ထမ်းတွေကို အရေးယူတော့မှာ ဖြစ်လို့ စက်တင်ဘာ ၄ရက် နောက်ဆုံးထား အပြီးတိုင် ထွက်သွားဖို့ ကြေညာ

ဩဂုတ် ၂၆၊ The Nation Voice ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တိုက်နယ် အမှတ်(၂) ထိန်းချုပ်နယ်မြေက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ စက်တင်ဘာ ၄ရက်နောက်ဆုံးထားပြီး ဒေသကနေ အပြီးတိုင် ထွက်သွားကြဖို့ အဲဒီနယ်မြေ ပအဖက ကြေညာပါတယ်။

Read more

တိုက်ပွဲတွေထပ်ဖြစ်လာလို့ မြန်မာနိုင်ငံသားတွေ အိန္ဒိယဘက်ထွက်ပြေးမှုမြင့်တက်နေ

သြဂုတ် ၂၀၊ The Nation Voice ချင်းပြည်နယ်မှာတိုက်ပွဲတွေထပ်ဖြစ်နေလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားရာချီ အိန္ဒိယနိုင်ငံဘက်ထွက်ပြေးလာကြတယ်လို့ ဒေသခေါင်းဆောင်တစ်ဦးကပြောပါတယ်။ တနင်္လာနေ့ကစပြီး မြန်မာနိုင်ငံသားရာချီ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲဝင်လာခဲ့တယ်လို့ ဇိုကော်သာကျေးရွာကောင်စီဥက္ကဋ္ဌ လယ်မူအန်ပူအီယာက PTI သတင်းအေဂျင်စီကိုပြောပါတယ်။ ချင်းပြည်နယ်က ဟိုင်မူအယ်ရွာကို

Read more

စစ်ကောင်စီတပ်က ထန်တလန်ကို နယ်မြေစိုးမိုးဖို့ လုပ်ဆောင်နေ၊ဟားခါး – ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ

ဩဂုတ် ၁၆၊ The Nation Voice ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြားတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ အထိနာနေပြီး အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ဟားခါးဘက်ကနေ ထန်တလန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သီမစ်ချောင်း

Read more

ရင်ပေါင်တိုင်ရွာဖြစ်စဉ် နေ့စွဲအလိုက်မှတ်တမ်း 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်နှစ်ခုကြားမှာရှိတဲ့ ရင်ပေါင်တိုင်ကျေးရွာဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် PDF အချို့အပြင် ဒေသခံတွေလည်းသေဆုံးခဲ့ရသလို လက်နက်ခဲယမ်းအချို့ကိုလည်း စစ်ကောင်စီကသိမ်းဆည်းသွားပါတယ်။  ဘာကြောင့် ရွာငယ်လေးတစ်ခုကို ရဟတ်ယာဉ်ငါးစီး အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရသလဲဆိုတာ The Nation Voice က စုစည်းဖော်ပြလိုက်ရပါတယ်။ ဩဂုတ်လ (၁၁)ရက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ခရီးတစ်ခုကအပြန် ယင်းမာပင်မြို့နယ်ထဲက ရင်ပေါင်တိုင်ကျေးရွာမှာ ခေတ္တနားခိုခဲ့ပါတယ်။ အဲဒီ နားခိုတဲ့နေရာ အတိအကျကို စစ်ကောင်စီသတင်းပေးသူကြောင့် အကြမ်းဖက်စစ်တပ်ကစစ်သားတွေကို လေကြောင်းကနေ လာချတဲ့အပြင် တိုက်ခိုက်ရေးလေယာဉ်နှစ်စီးနဲ့ ရွာကို အပေါ်ကနေ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီဘက်က ရလိုက်သလို ဒေသခံပြည်သူ နှစ်ဦး သေဆုံးခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့စစ်ကောင်စီလော်ဘီတွေဘက်က PDF (၇)ဦး ကျဆုံးတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ပုလဲနယ်က ဗိုလ်နဂါးနဲ့ ချင်းပြည်နယ်မှာ ဆေးကုသရေးတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာအငြိမ်းတို့ အင်တာဗျူးပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့အတွက် ဒေါက်တာအငြိမ်းဟာ စစ်ကောင်စီ သတင်းပေးလုပ်ဆောင်နေတယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာပြီး အငြိမ်းကြောင့် မဟုတ်ဘူးဆိုတာကို ဗိုလ်နဂါးက မီဒီယာမှာ ရှင်းလင်းထားပါတယ်။ ဩဂုတ်လ (၁၂) ရက် ဩဂုတ်လ (၁၂)ရက်မှာတော့ ရင်ပေါင်တိုင်ရွာပတ်ပတ်လည်က ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရွာထဲမှာ ပိတ်မိနေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် (၈၀)ကို ကယ်ထုတ်နိုင်ဖို့နဲ့ ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖယ်ထုတ်နိုင်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြရပါတယ်။ ရင်ပေါင်တိုင်ရွာဝန်းကျင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွါးနေသလို PDF စခန်းအချို့ စီးနင်းခံထားရတာလည်း မကြာသေးတဲ့အတွက်တိုက်ပွဲဖော်ဆောင်ရတာ မလွယ်ကူခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရင်ပေါင်တိုင်ရွာနဲ့ အေးကုန်းရွာကြားကPDF စခန်းတစ်ခုကို စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးနဲ့ ဝင်သိမ်းခဲ့တာကြောင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၃)ထောင်ကျော်ဖိုး ဆုံးရှုံးခဲ့ရပါတယ်။ တော်လှန်ရေးရဲဘော်တွေရဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ ရွာထဲက ချင်းရဲဘော်တွေနဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြတာကြောင့် အင်အား (၂၀၀) ဝန်းကျင်ရှိတဲ့ စစ်ကောင်စီဟာ သူတို့စီးနင်းထားတဲ့ ရွာအတွင်းမှာ သူတို့ကိုယ်တိုင် ပြန်လည်ပိတ်မိသွားတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရွာထဲက ဆိုင်ကယ်ဝပ်ရှာ့ပ်တွေနဲ့ နေအိမ်တွေကို မီးရှို့ခဲ့ကြပါတယ်။ ယင်းမာပင်ဟာ ပျူစောထီးအများဆုံးလို့ သတ်မှတ်ခံထားရတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးကို အမာခံကူနေတဲ့ ရင်ပေါင်တိုင်ကျေးရွာဟာ စစ်ကောင်စီရဲ့ အညှိုးနဲ့ရက်စက်စွာ တစစီ ဆွဲဆုတ်ခံခဲ့ရပါတယ်။ ရွာထဲကနေလွတ်မြောက်လာခဲ့သူတွေရဲ့ ပြောကြားချက်တွေအရ စစ်ရှောင်တွေအတွက် ရှာဖွေစုဆောင်းထားတဲ့ရိက္ခာတွေ၊ ဈေးနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်ဖျက်ဆီးကြရုံမက လူတွေကိုပါ ရိုက်နှက်ဖမ်းဆီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လမ်းပေါ်မှာ လူသေအလောင်း နှစ်လောင်း တွေ့ခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။ ရွာထဲမှာပြည်သူတွေရှိတာကြောင့် တော်လှန်ရေးရဲဘော်တွေဟာ လက်နက်ကြီးတွေကို မသုံးဘဲ တိုက်ပွဲဆင်နွှဲနေချိန်မှာ စစ်ကောင်စီတပ်တွေကတော့ ရွာထဲမှာ လူတွေသတ် နေခဲ့ပါတယ်။ ဒါ့အပြင် PDF ရဲဘော်နှစ်ဦးကိုလည်းမီးရှို့သတ်ဖြတ်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။  ဩဂုတ်လ (၁၃) ရက် ဩဂုတ်လ (၁၃)ရက်မှာတော့ ရွာထဲမှာ ပိတ်မိနေတဲ့ တော်လှန်ရေးရဲဘော်တွေ အကုန်လုံးနီးပါး လွတ်မြောက်လာခဲ့ပြီး လေးဦး ပျောက်ဆုံးနေခဲ့ပါတယ်။ ပျောက်ဆုံးနေသူ လေးဦးအနက် နှစ်ဦးကတော့ ဩဂုတ်လ (၁၂)ရက်နေ့ကကျဆုံးခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးရဲဘော်တွေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီ တပ်သားတွေကတော့

Read more

ပလက်၀မြို့နယ်မှာ စစ်ကောင်စီတပ်ပစ်ခတ်လို့ (၅)တန်းကျောင်းသား (၂)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရ

ဩဂုတ် ၃၊ The Nation Voice ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ပဉ္စမတန်းကျောင်းသားငယ် (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကျောင်းသား (၂)ဦး အပါအဝင် (၃)ဦး ဒဏ်ရာရခဲ့တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကထုတ်ပြန်ခဲ့ပြီး ကျောင်းသားငယ်နှစ်ဦးရဲ့

Read more