The Nation Voice

တိုက်ပွဲမဝင်ရပဲ သေဆုံးနေကြတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်များ

မတ် ၁၀၊ The Nation Voice ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်ရဲ့အဖွဲ့ဝင်တွေဟာ စစ်မတိုက်ရပဲ သေဆုံးနေခဲ့ကြရပါတယ်။ စစ်ခေါင်းဆောင်အလိုကျ ပြည်သူ့အပေါ်နှိပ်စက်နေတဲ့အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တွေဟာPDFတွေနဲ့တိုက်ပွဲမဖြစ် ပေမယ့် မတော်တဆမှုဖြစ်တာတွေ အချင်းချင်းပစ်ခတ်တာတွေကြောင့် သေဆုံးမှုတွေဆက်တိုက် ရှိနေတယ်လို့ သတင်းအချက်အလက်တွေအရ သိနိုင်ပါတယ်။

Read more

မလုံခြုံတော့တဲ့ မြို့ပေါ်ကနေ့ရက်များ

ကိုထက်နှင့်စောဖိုးခွါးရေးသားသည်။ မတ် ၇၊ The Nation Voice ရန်ကုန်ဟာ မလုံခြုံတော့ဘူးဆိုတဲ့ စကားနဲ့အတူ မန္တလေးမှာလဲ လုံခြုံမှုကမရှိတော့တာ လပေါင်းများစွာ ကြာခဲ့ပြီလို့ ဒေသခံတွေ ဆိုကြတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ဦးဆောင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ ပြည်သူ့လုံခြုံရေးထက် သူတို့ရဲ့လုံခြုံရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေခဲ့တာကို

Read more

ရင်ပေါင်တိုင်ရွာဖြစ်စဉ် နေ့စွဲအလိုက်မှတ်တမ်း 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်နှစ်ခုကြားမှာရှိတဲ့ ရင်ပေါင်တိုင်ကျေးရွာဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် PDF အချို့အပြင် ဒေသခံတွေလည်းသေဆုံးခဲ့ရသလို လက်နက်ခဲယမ်းအချို့ကိုလည်း စစ်ကောင်စီကသိမ်းဆည်းသွားပါတယ်။  ဘာကြောင့် ရွာငယ်လေးတစ်ခုကို ရဟတ်ယာဉ်ငါးစီး အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရသလဲဆိုတာ The Nation Voice က စုစည်းဖော်ပြလိုက်ရပါတယ်။ ဩဂုတ်လ (၁၁)ရက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ခရီးတစ်ခုကအပြန် ယင်းမာပင်မြို့နယ်ထဲက ရင်ပေါင်တိုင်ကျေးရွာမှာ ခေတ္တနားခိုခဲ့ပါတယ်။ အဲဒီ နားခိုတဲ့နေရာ အတိအကျကို စစ်ကောင်စီသတင်းပေးသူကြောင့် အကြမ်းဖက်စစ်တပ်ကစစ်သားတွေကို လေကြောင်းကနေ လာချတဲ့အပြင် တိုက်ခိုက်ရေးလေယာဉ်နှစ်စီးနဲ့ ရွာကို အပေါ်ကနေ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီဘက်က ရလိုက်သလို ဒေသခံပြည်သူ နှစ်ဦး သေဆုံးခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့စစ်ကောင်စီလော်ဘီတွေဘက်က PDF (၇)ဦး ကျဆုံးတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ပုလဲနယ်က ဗိုလ်နဂါးနဲ့ ချင်းပြည်နယ်မှာ ဆေးကုသရေးတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာအငြိမ်းတို့ အင်တာဗျူးပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့အတွက် ဒေါက်တာအငြိမ်းဟာ စစ်ကောင်စီ သတင်းပေးလုပ်ဆောင်နေတယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာပြီး အငြိမ်းကြောင့် မဟုတ်ဘူးဆိုတာကို ဗိုလ်နဂါးက မီဒီယာမှာ ရှင်းလင်းထားပါတယ်။ ဩဂုတ်လ (၁၂) ရက် ဩဂုတ်လ (၁၂)ရက်မှာတော့ ရင်ပေါင်တိုင်ရွာပတ်ပတ်လည်က ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရွာထဲမှာ ပိတ်မိနေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် (၈၀)ကို ကယ်ထုတ်နိုင်ဖို့နဲ့ ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖယ်ထုတ်နိုင်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြရပါတယ်။ ရင်ပေါင်တိုင်ရွာဝန်းကျင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွါးနေသလို PDF စခန်းအချို့ စီးနင်းခံထားရတာလည်း မကြာသေးတဲ့အတွက်တိုက်ပွဲဖော်ဆောင်ရတာ မလွယ်ကူခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရင်ပေါင်တိုင်ရွာနဲ့ အေးကုန်းရွာကြားကPDF စခန်းတစ်ခုကို စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးနဲ့ ဝင်သိမ်းခဲ့တာကြောင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၃)ထောင်ကျော်ဖိုး ဆုံးရှုံးခဲ့ရပါတယ်။ တော်လှန်ရေးရဲဘော်တွေရဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ ရွာထဲက ချင်းရဲဘော်တွေနဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြတာကြောင့် အင်အား (၂၀၀) ဝန်းကျင်ရှိတဲ့ စစ်ကောင်စီဟာ သူတို့စီးနင်းထားတဲ့ ရွာအတွင်းမှာ သူတို့ကိုယ်တိုင် ပြန်လည်ပိတ်မိသွားတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရွာထဲက ဆိုင်ကယ်ဝပ်ရှာ့ပ်တွေနဲ့ နေအိမ်တွေကို မီးရှို့ခဲ့ကြပါတယ်။ ယင်းမာပင်ဟာ ပျူစောထီးအများဆုံးလို့ သတ်မှတ်ခံထားရတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးကို အမာခံကူနေတဲ့ ရင်ပေါင်တိုင်ကျေးရွာဟာ စစ်ကောင်စီရဲ့ အညှိုးနဲ့ရက်စက်စွာ တစစီ ဆွဲဆုတ်ခံခဲ့ရပါတယ်။ ရွာထဲကနေလွတ်မြောက်လာခဲ့သူတွေရဲ့ ပြောကြားချက်တွေအရ စစ်ရှောင်တွေအတွက် ရှာဖွေစုဆောင်းထားတဲ့ရိက္ခာတွေ၊ ဈေးနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်ဖျက်ဆီးကြရုံမက လူတွေကိုပါ ရိုက်နှက်ဖမ်းဆီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လမ်းပေါ်မှာ လူသေအလောင်း နှစ်လောင်း တွေ့ခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။ ရွာထဲမှာပြည်သူတွေရှိတာကြောင့် တော်လှန်ရေးရဲဘော်တွေဟာ လက်နက်ကြီးတွေကို မသုံးဘဲ တိုက်ပွဲဆင်နွှဲနေချိန်မှာ စစ်ကောင်စီတပ်တွေကတော့ ရွာထဲမှာ လူတွေသတ် နေခဲ့ပါတယ်။ ဒါ့အပြင် PDF ရဲဘော်နှစ်ဦးကိုလည်းမီးရှို့သတ်ဖြတ်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။  ဩဂုတ်လ (၁၃) ရက် ဩဂုတ်လ (၁၃)ရက်မှာတော့ ရွာထဲမှာ ပိတ်မိနေတဲ့ တော်လှန်ရေးရဲဘော်တွေ အကုန်လုံးနီးပါး လွတ်မြောက်လာခဲ့ပြီး လေးဦး ပျောက်ဆုံးနေခဲ့ပါတယ်။ ပျောက်ဆုံးနေသူ လေးဦးအနက် နှစ်ဦးကတော့ ဩဂုတ်လ (၁၂)ရက်နေ့ကကျဆုံးခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးရဲဘော်တွေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီ တပ်သားတွေကတော့

Read more

“ အမေနေကောင်းပါတယ် ”

သြဂုတ် ၉၊ The Nation Voice “ အမေ နေကောင်းရဲ့လား “ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆို အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ရုံးထုတ်မှာ အနားကပ်ပြီး ကိုနွေဦးက အဲဒီလို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Read more