The Nation Voice

အင်းတော်မြို့နယ်က ရွာအချို့ကို စစ်ကောင်စီတပ် လေကြောင်းက တိုက်ခိုက်လို့ နေအိမ်ပျက်စီးမှုရှိ

အောက်တိုဘာ ၂၀၊ The Nation Voice စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာ (၂၀)

Read more

ရေဦးကထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရပြီး အနည်းဆုံး(၇)ဦးသေ

အောက်တိုဘာ ၁၉၊ The Nation Voice စစ်ကိုင်းတိုင်း၊ ရေဦးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို အောက်တိုဘာ (၁၇) ရက်နေ့က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး (၇) ဦးသေဆုံးခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)က ဒီကနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

Read more

ယင်းမာပင် ရင်ပေါင်တိုင်ရွာ ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ ပစ်ခတ်ပြီး အကြမ်းဖက်စစ်သားတွေ ချ

အောက်တိုဘာ ၁၉၊ The Nation Voice စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာ ပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီကနေ့မနက်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး စစ်အင်အားတွေချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ (၁၉) ရက်မနက်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်

Read more

ဗန်းမောက်မြို့နယ် နားမော်ရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိသလို PDF ရဲဘော် (၆)ဦးလည်း ကျဆုံး

အောက်တိုဘာ ၁၂၊ The Nation Voice စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော် (၆)ဦး ကျဆုံးခဲ့ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောပါတယ်။ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ

Read more

ယင်းမာပင်၊စုန်းကျင်းကျေးရွာမှာ စကစတပ်တွေရဲ့သောင်းကြမ်းမှုတွေကြောင့် ဒေသခံပြည်သူတွေမိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရ

ဩဂုတ် ၂၇၊The Nation Voice စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ရွှေတောင်ဦးအကျိုးကုန်းမှ ဆင်းလာတဲ့ စကစတပ်တွေဟာ ဒီကနေ့ ဩဂုတ်၂၇မှာ စုန်းကျင်းကျေးရွာကိုရောက်ရှိလာပြီး စကစတပ်သားတွေရဲ့ သောင်းကြမ်းမှုတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေဟာ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ Revolution Youth Group ဆီက

Read more

ကသာမြို့နယ် ဒီကနေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)လောက်သေဆုံးခဲ့တယ်လို့ ပကဖ ထုတ်ပြန်

ဩဂုတ် ၂၂၊ The Nation Voice ကသာမြို့နယ်၊ဘန့်ဘွေးကုန်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့က ဒီကနေ့မှာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ဦးလောက်သေဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေး ထုတ်ပြန်ပါတယ်။ တိုက်ပွဲမှာ

Read more

မန္တလေးဘက်ကထွက်လာတဲ့ (၁၂)ဘီးပါစကစ ကားနဲ့ နတ်ရေကန်ရွာအနီးကင်းပုန်းလာဝတ်တဲ့ စကစတပ်သားတွေကို မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်၊စကစအဖွဲ့ဝင်(၁၁)ဦးသေဆုံး

ဩဂုတ် ၂၀၊ The Nation Voice စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ မန္တလေးဘက်ကနေထွက်လာတဲ့ (၁၂)ဘီးပါစကစ ကားနဲ့နတ်ရေကန်ရွာအနီးမှာ ကင်းပုန်းလာဝတ်တဲ့စကစတပ်သားတွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူတိုက်ခိုက်ရာမှာ စကစအဖွဲ့ဝင်(၁၁)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဗိုလ်နေတိုး ပြောက်ကျားအထူးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဩဂုတ်(၁၃)ရက်နေ့က မန္တလေးကနေထွက်ခွာလာတဲ့ (၁၂)ဘီးပါ စကစကားကို

Read more

သာစည်ကျေးရွာထောင်အတွင်းကနေ အရပ်သားအသွင်ယူကာ ထွက်ခွါလာတဲ့ စကစတပ်သားတွေမိုင်းဆွဲခံရ

ဩဂုတ် ၂၀၊ The Nation Voice စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် သာစည်ကျေးရွာရှိ ဆောက်လက်စထောင်အတွင်းကနေ အရပ်သားအသွင်ဆောင်ကာ မုံရွာ-သာစည်လမ်းအတိုင်း ထွက်ခွာလာတဲ့ စကစတပ်သား(၆)ယောက်ကို မနေ့ကမနက်(၉)နာရီကျော်လောက်မှာ မဟာမိတ်တွေနဲ့အတူမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် (ပကဖ)ကထုတ်ပြန်ပါတယ်။ မုံရွာ-သာစည်လမ်းအတိုင်း ထွက်ခွာလာတဲ့ စကစတပ်သားတွေလိုက်ပါလာတဲ့ Surf

Read more

စစ်ကောင်စီသင်္ဘောအုပ်စုကို ABSDFနဲ့ ကသာဒေသ ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

ဩဂုတ် ၁၉၊ The Nation Voice စစ်ကိုင်တိုင်း၊ကသာမြို့ကနေ တက်လာတဲ့ စစ်ကောင်စီရဲ့ သင်္ဘော(၆)စီးကို မနေ့မနက်ပိုင်းက လက်လုပ် လျှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကသာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ထားပါတယ်။ ဩဂုတ် ၁၈ရက် နံနက်ပိုင်းမှာ စစ်ကောင်စီသင်္ဘောတွေကို

Read more

ရင်ပေါင်တိုင်ရွာဖြစ်စဉ် နေ့စွဲအလိုက်မှတ်တမ်း 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်နှစ်ခုကြားမှာရှိတဲ့ ရင်ပေါင်တိုင်ကျေးရွာဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် PDF အချို့အပြင် ဒေသခံတွေလည်းသေဆုံးခဲ့ရသလို လက်နက်ခဲယမ်းအချို့ကိုလည်း စစ်ကောင်စီကသိမ်းဆည်းသွားပါတယ်။  ဘာကြောင့် ရွာငယ်လေးတစ်ခုကို ရဟတ်ယာဉ်ငါးစီး အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ရသလဲဆိုတာ The Nation Voice က စုစည်းဖော်ပြလိုက်ရပါတယ်။ ဩဂုတ်လ (၁၁)ရက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ခရီးတစ်ခုကအပြန် ယင်းမာပင်မြို့နယ်ထဲက ရင်ပေါင်တိုင်ကျေးရွာမှာ ခေတ္တနားခိုခဲ့ပါတယ်။ အဲဒီ နားခိုတဲ့နေရာ အတိအကျကို စစ်ကောင်စီသတင်းပေးသူကြောင့် အကြမ်းဖက်စစ်တပ်ကစစ်သားတွေကို လေကြောင်းကနေ လာချတဲ့အပြင် တိုက်ခိုက်ရေးလေယာဉ်နှစ်စီးနဲ့ ရွာကို အပေါ်ကနေ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီဘက်က ရလိုက်သလို ဒေသခံပြည်သူ နှစ်ဦး သေဆုံးခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့စစ်ကောင်စီလော်ဘီတွေဘက်က PDF (၇)ဦး ကျဆုံးတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ပုလဲနယ်က ဗိုလ်နဂါးနဲ့ ချင်းပြည်နယ်မှာ ဆေးကုသရေးတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာအငြိမ်းတို့ အင်တာဗျူးပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့အတွက် ဒေါက်တာအငြိမ်းဟာ စစ်ကောင်စီ သတင်းပေးလုပ်ဆောင်နေတယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာပြီး အငြိမ်းကြောင့် မဟုတ်ဘူးဆိုတာကို ဗိုလ်နဂါးက မီဒီယာမှာ ရှင်းလင်းထားပါတယ်။ ဩဂုတ်လ (၁၂) ရက် ဩဂုတ်လ (၁၂)ရက်မှာတော့ ရင်ပေါင်တိုင်ရွာပတ်ပတ်လည်က ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရွာထဲမှာ ပိတ်မိနေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် (၈၀)ကို ကယ်ထုတ်နိုင်ဖို့နဲ့ ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖယ်ထုတ်နိုင်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြရပါတယ်။ ရင်ပေါင်တိုင်ရွာဝန်းကျင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွါးနေသလို PDF စခန်းအချို့ စီးနင်းခံထားရတာလည်း မကြာသေးတဲ့အတွက်တိုက်ပွဲဖော်ဆောင်ရတာ မလွယ်ကူခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရင်ပေါင်တိုင်ရွာနဲ့ အေးကုန်းရွာကြားကPDF စခန်းတစ်ခုကို စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးနဲ့ ဝင်သိမ်းခဲ့တာကြောင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၃)ထောင်ကျော်ဖိုး ဆုံးရှုံးခဲ့ရပါတယ်။ တော်လှန်ရေးရဲဘော်တွေရဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ ရွာထဲက ချင်းရဲဘော်တွေနဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြတာကြောင့် အင်အား (၂၀၀) ဝန်းကျင်ရှိတဲ့ စစ်ကောင်စီဟာ သူတို့စီးနင်းထားတဲ့ ရွာအတွင်းမှာ သူတို့ကိုယ်တိုင် ပြန်လည်ပိတ်မိသွားတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရွာထဲက ဆိုင်ကယ်ဝပ်ရှာ့ပ်တွေနဲ့ နေအိမ်တွေကို မီးရှို့ခဲ့ကြပါတယ်။ ယင်းမာပင်ဟာ ပျူစောထီးအများဆုံးလို့ သတ်မှတ်ခံထားရတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးကို အမာခံကူနေတဲ့ ရင်ပေါင်တိုင်ကျေးရွာဟာ စစ်ကောင်စီရဲ့ အညှိုးနဲ့ရက်စက်စွာ တစစီ ဆွဲဆုတ်ခံခဲ့ရပါတယ်။ ရွာထဲကနေလွတ်မြောက်လာခဲ့သူတွေရဲ့ ပြောကြားချက်တွေအရ စစ်ရှောင်တွေအတွက် ရှာဖွေစုဆောင်းထားတဲ့ရိက္ခာတွေ၊ ဈေးနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်ဖျက်ဆီးကြရုံမက လူတွေကိုပါ ရိုက်နှက်ဖမ်းဆီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လမ်းပေါ်မှာ လူသေအလောင်း နှစ်လောင်း တွေ့ခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။ ရွာထဲမှာပြည်သူတွေရှိတာကြောင့် တော်လှန်ရေးရဲဘော်တွေဟာ လက်နက်ကြီးတွေကို မသုံးဘဲ တိုက်ပွဲဆင်နွှဲနေချိန်မှာ စစ်ကောင်စီတပ်တွေကတော့ ရွာထဲမှာ လူတွေသတ် နေခဲ့ပါတယ်။ ဒါ့အပြင် PDF ရဲဘော်နှစ်ဦးကိုလည်းမီးရှို့သတ်ဖြတ်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။  ဩဂုတ်လ (၁၃) ရက် ဩဂုတ်လ (၁၃)ရက်မှာတော့ ရွာထဲမှာ ပိတ်မိနေတဲ့ တော်လှန်ရေးရဲဘော်တွေ အကုန်လုံးနီးပါး လွတ်မြောက်လာခဲ့ပြီး လေးဦး ပျောက်ဆုံးနေခဲ့ပါတယ်။ ပျောက်ဆုံးနေသူ လေးဦးအနက် နှစ်ဦးကတော့ ဩဂုတ်လ (၁၂)ရက်နေ့ကကျဆုံးခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးရဲဘော်တွေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီ တပ်သားတွေကတော့

Read more