The Nation Voice

မိုးကြီးပြီးနောက် ထိုင်း-မြန်မာနယ်စပ်မြို့ကမြို့ရိုးပြိုကျ

စက်တင်ဘာ ၂၆၊ The Nation Voice ထိုင်းမြောက်ပိုင်းချင်းမိုင်မြို့ရဲ့သမိုင်းဝင်မြို့ရိုးဟာ ရက်ပေါင်းများစွာမိုးကြီးတဲ့ဒဏ်ကြောင့် တနဂ်နွေနေ့မှာ ပြိုကျခဲ့ပါတယ်။ အင်္ဂါနေ့ကစပြီး ထိုင်းနိုင်ငံမှာ မုန်တိုင်းဝင်ရောက်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားချိန်မှာ ပြိုကျခဲ့တာပါ။ မိုးရေအများအပြားဝပ်ပြီး စိုစွတ်နေတာကြောင့် ချန်ဖူအက်ဂိတ်မုခ်ဦးက မြို့ရိုးတစိတ်တပိုင်းပြိုကျခဲ့တယ်လို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဌာနညွှန်ကြားရေးမှူး

Read more

တာချီလိတ်ကနေမူးယစ်ဆေးအသစ်တမျိုးဝင်လာလို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေသတိထားနေ

စက်တင်ဘာ ၂၀၊ The Nation Voice မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်ကနေ မူးယစ်ဆေးဝါးအသစ်တစ်မျိုးမှောင်ခိုသွင်းနေတာကိုကာကွယ်ဖို့ မယ်ဆိုင်မြို့အပါအဝင် ထိုင်းမြောက်ပိုင်းချင်းရိုင်ခရိုင်က ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာတပ်စွဲထားတဲ့ထိုင်းစစ်တပ်က နယ်စပ်စောင့်ကြည့်မှုအရှိန်မြှင့်တင်နေပါတယ်။ တာချီလိတ်မြို့က ဖျော်ဖြေရေးနေရာတိုင်းမှာ ၂၀ ဂရမ်ပါတဲ့ပေါင်ဒါမှုန့်တထုပ်ကို ဘတ်(၃၀၀၀)နဲ့(၆၀၀၀)ကြားဈေးနှုန်းနဲ့ အလွယ်တကူရနေတယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နှင်းရေးအရာရှိတွေကပြောပါတယ်။ အဲဒီမူးယစ်ဆေးဝါးဟာ

Read more

အလုပ်ရမယ်လို့ပြောပြီးလိမ်ခေါ်လို့ အိန္ဒိယနိုင်ငံသား (၃၀)လောက် မြဝတီမှာပိတ်မိနေ

စက်တင်ဘာ ၁၅၊ The Nation Voice ထိုင်းမှာအလုပ်ရမယ်လို့ပြောတဲ့နိုင်ငံတကာတရားမဝင်လုပ်ငန်းတွေရဲ့ သားကောင်ဖြစ်ခဲ့ပြီး မြဝတီမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားအယောက် (၆၀) ထဲက (၃၀)ကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ကယ်ဆယ်ခဲ့ပါတယ်။ ထိုင်းမှာအလုပ်ရမယ်လို့ သူတို့ကို အဲဒီလုပ်ငန်းတွေကပြောခဲ့ပေမဲ့ မြန်မာနိုင်ငံကို တရားမဝင်ခေါ်သွားတာခံရတယ်လို့ ကယ်ဆယ်ခံခဲ့ရသူတွေကပြောပါတယ်။

Read more

ချင်းရိုင်လူငယ်စောင့်ကြည့်ကာကွယ်ရေးဌာနက ကလပ်တစ်ခုကို စစ်ဆေးချိန်မှာ အသက်မပြည့်သေးတဲ့လူငယ် (၃၀၀) ကျော်ရှိနေ

စက်တင်ဘာ ၃၊The Nation Voice စနေနေ့မနက်အစောပိုင်းမှာ ချင်းရိုင်ခရိုင်အာဏာပိုင်တွေက လူသိများတဲ့ကလပ်တစ်ခုကိုဝင်ရောက်စီးနင်းစစ်ဆေးချိန်မှာ အသက်မပြည့်သေးတဲ့လူငယ် (၃၀၀) ကျော်တွေ့ခဲ့ရပါတယ်။ ခရိုင်အုပ်ချုပ်ရေးဌာနနဲ့ လူငယ်စောင့်ကြည့်လေ့လာရေးနှင့်ကာကွယ်ရေးဌာနတို့ကအရာရှိတွေက ကလပ်ကို မနက် ၂ နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာပါ။ အရာရှိတွေကိုမြင်လို့ ကလပ်ထဲဝင်ဖို့စောင့်နေတဲ့လူငယ်တွေ ဆိုင်ကယ်တွေနဲ့ထွက်ပြေးခဲ့ပြီး

Read more

ရိုဟင်ဂျာတွေကိုလူကုန်ကူးလို့ မြန်မာအမျိုးသားနဲ့ထိုင်းဇနီးသည်ကို ထိုင်းရဲဖမ်းမိ

စက်တင်ဘာ ၃၊ The Nation Voice ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရိုဟင်ဂျာရွှေ့ပြောင်းအခြေချသူဒါဇင်ချီသေဆုံးခဲ့တဲ့ လူကုန်ကူးမှုတွေမှာပါဝင်တယ်ဆိုတဲ့ သံသယတရားခံ (၂)ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အသက် ၅၅ နှစ်ရှိနေတဲ့ မြန်မာနိုင်ငံသား မောင်သန်းထွန်းနဲ့ အသက်

Read more

ဖူးကတ်မှာ မိုးကြီးပြီးနောက် ရေကြီးရေလျှံနေ

စက်တင်ဘာ ၂၊ The Nation Voice ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံ၊ဖူးကတ်ခရိုင်၊ သန်လန်မြို့မှာ နာရီပိုင်းမိုးကြီးခဲ့ပြီးနောက် ဖူးကတ်လေဆိပ်အပါအဝင် နေရာအများအပြားမှာ အကြီးအကျယ်ရေကြီးမှုတွေဖြစ်နေပါတယ်။ သောကြာနေ့မနက်အစောပိုင်းကစပြီး ရေတွေစဝင်လာတယ်လို့ ဖူးကတ်ခရိုင်သဘာဝဘေးကာကွယ်ရေးနှင့်သက်သာလျော့ပါးစေရေးအကြီးအကဲ အူဒုံဖွန် ကာကပြောပါတယ်။ ဆက်စကိုမိုင်ဓာတ်ဆီဆိုင်၊ မုံသန်လန်ကျောင်းနဲ့ ဖူးကတ်နိုင်ငံတကာလေဆိပ်တို့မှာ

Read more

စိတ်ကြွဆေးပြား ၂ သန်းနဲ့ လူ ၃ ယောက်ကို ထိုင်းရဲဖမ်းဆီး

စက်တင်ဘာ ၁၊ The Nation Voice ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း၊ဆူရတ်သာနီခရိုင်ရှိ သာချနာမြို့မှာ ကီလိုမီတာ (၇၀)လောက် ကားနဲ့လိုက်ဖမ်းပြီးနောက် စပိဒ်စိတ်ကြွဆေး (၂)သန်းနဲ့ သယ်လာသူ (၃)ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကားက ပုံမှန်ထက်ကုန်တွေများပြီးတင်ထားတဲ့ပုံစံပေါက်နေတဲ့အတွက် အဝေးပြေးရဲတပ်ဖွဲ့က အဆင့်ဆင့်ချိတ်ဆက်အကြောင်းကြားပြီး

Read more

မြန်မာအပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေမှာ အလုပ်လိမ်လည်တဲ့ဟောင်ကောင်ဒေသခံ(၅) ဦးကို ရဲဖမ်းဆီး

သြဂုတ် ၂၂၊ The Nation Voice အရှေ့တောင်အာရှမှာအလုပ်လုပ်ကိုင်ရမယ်လို့ လိမ်လည်ပြီး အလုပ်ရှာသူတွေကို ဖမ်းဆီးထားတဲ့ဟောင်ကောင်ဒေသခံ(၅)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့ကကြေညာပါတယ်။ ပြီးခဲ့တဲ့လတွေမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့မှာ ချစ်သူရှာဖို့ ဒါမှမဟုတ် လစာများတဲ့အလုပ်တွေရမယ်လို့ ကတိပေးပြီး

Read more

ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင်နေမှု ရက်ထပ်တိုးပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်း

သြဂုတ် ၁၉၊ The Nation Voice မှတ်ပုံတင်နေတဲ့လုပ်သားအများအပြားပြဿနာတွေတွေ့နေရတဲ့အတွက် မှတ်ပုံတင်ဖို့သတ်မှတ်ထားတဲ့နောက်ဆုံးရက်ထပ်တိုးပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ရွှေ့ပြောင်းလုပ်သားအရေးလုပ်ဆောင်ပေးနေတဲ့ Migrant Working Group (MNG) က တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေထဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့က

Read more

ထိုင်းနဲ့တရုတ်လေတပ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်

သြဂုတ် ၁၅၊ The Nation Voice တနင်္ဂနွေနေ့မှာ ထိုင်းနဲ့တရုတ်နိုင်ငံတို့ပူးပေါင်းလေတပ်စစ်ရေးလေ့ကျင့်မှုစတင်ခဲ့တယ်လို့ ထိုင်းစစ်တပ်ကပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် လေ့ကျင့်မှုရပ်ဆိုင်းထားပြီး အခုမှပြန်လည်စစ်ရေးလေ့ကျင့်မှုပြုလုပ်တာပါ။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီ ထိုင်ဝမ်ကိုလာရောက်ပြီးနောက် တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်ပတ်လည်မှာ အကြီးဆုံးစစ်ရေးမှုတွေ တရုတ်နိုင်ငံပြုလုပ်ပြီးနောက် အခု

Read more